ဝက်သားနှပ်နဲ့ဝက်စတူးခေါက်ဆွဲအရမ်းစားကောင်းတဲ့ ” ကဖေးထိုက်ကီ”

ဆိုင်စဖွင့်တဲ့ကာလ လပိုင်းလေးအတွင်းမှာပဲ လူကြိုက်တော်တော်များပြီး အရသာကောင်းမွန်ကြောင့် အခုတလောရေပန်းစားနေတဲ့ ” Cafe TYKHE (ကဖေးထိုက်ကီ)အကြောင်း အစားတစ်လိုင်းတို့ကိုပြောပြပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ဒေါပုံမြို့နယ် ၊ မင်းနန္ဒာလမ်းမပေါ်မှာရှိတဲ့ Capital Hypermarket ရဲ့ (၃)လွှာမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကဖေးထိုက်ကီမှာတော့ အိမ်ချက်အစားအစာလေးတွေကို လက်ရာသန့်သန့်လေးနဲ့ စားသုံးနိုင်မှာဖြစ်ပါတယ်။

  

ထိုက်ကီမှာရှယ်ကောင်းပြီး လူကြိုက်များတာကတော့ ဝက်သားနှပ်နဲ့ ဝက်စတူးခေါက်ဆွဲပါပဲ။ ဝက်သားနှပ်ကတော့ ဝက်သားကိုမီးအေးအေးနဲ့ တစ်နေကုန်နှပ်ပေးထားပြီး အနှစ်အရသာပြည့်ပြည့်ဝဝလေးချက်ပြုတ်ထားတော့ နူးညံ့အိစက်ပြီး လျှာပေါ်စိမ့်ထွက်နေအောင် အရသာကလုံးဝရှယ်ပဲ။ တစ်ပွဲကို(၂၀၀၀)ကျပ်ပဲ။ ဝက်သားနှပ်ကို ထမင်းတွဲစားမယ်ဆိုလည်း ထမင်းပေါ်အနှစ်လေးဆမ်းလိုက် ၊ အသားလေးမြုပ်လိုက်နဲ့ အရသာရှိနေရောပဲ။ ထမင်းနဲ့ဝက်သားနှပ်ဆို (၂၆၀၀) ။ ဝက်စတူးခေါက်ဆွဲကတော့ ဝက်ရိုးပြုတ်ဟင်းရည်ထဲမှာ ကြက်သားလုံးတွေ ၊ ခေါက်ဆွဲစီးစီးလေးတွေနဲ့ တရုတ်ဟင်းခတ်အမွှေးအကြိုင်တွေနဲ့နှပ်ထားတဲ့ ဝက်စတူးနဲ့ပေါင်းစပ်လိုက်တော့ အရသာကစွန်းဖိုင်းတယ်။ ပူပူနွေးနွေးလေးစားရတော့ ပိုပြီးအရသာထွက်တယ်။ ဈေးနှုန်းကလည်း(၁၉၀၀)ကျပ်ပဲပေးရတယ်။

အအီအဆိမ့်လျှော့ထားတဲ့ ထိုက်ကီဒံပေါက်ကို ကြက်သားကြော်နဲ့တွဲစားရင်လည်း တော်တော်ဖိုင်းတယ်။ ကြက်ဘာဂါဆိုရင်လည်း (၁၆၀၀)ကျပ်နဲ့မညီမျှအောင် အဆာပလာတွေစုံစုံလင်လင်နဲ့ BBQ Sauce လေးပါထပ်နှောထားတော့ လွှတ်ကောင်းပဲ။ ဝက်သားနှပ်ဘာဂါဆို အသားအရသာအိအိဖတ်ဖတ်လေးနဲ့အရသာတော်တော်ထူးခြားတယ်။ ကြက်ကြော်ဘာဂါစားချင်ရင်လည်း ရသေးတယ်နော်။ တခြားအိမ်ချက်အစားအစာတွေ တော်တော်များများရနိုင်သေးသလို ဒိန်ချဉ် ၊ ဖျော်ရည် ၊ ကော်ဖီ ၊ Thai Milk Tea တွေလည်းရနိုင်သေးတော့ လုံးဝရှယ်ပဲ။ Capital မှာဖွင့်ထားတာဆိုတော့ Shopping ထွက်ရင်းဗိုက်ဖြည့်ဖို့အတွက် သွားစားလို့ကောင်းမယ့်ဆိုင်လေးပါနော်။

 

Image Source: www.facebook.com/tykhe

 

 

Leave A Comment

Your email address will not be published. Required fields are marked *