ပေါင်မုန့် ကိတ်မုန့်ချစ်သူတွေ ခေတ်နောက်မကျစေဖို့ ……..

မနက်စာကောင်းကောင်း စားချင်တဲ့ အစားတစ်လိုင်းတွေနဲ့ အဆာပြေစာကို ရှယ်မှစားချင်ကြတဲ့ အကောင်းကြိုက်သူတွေအတွက် ပေါင်မုန့် ကိတ်မုန့်တွေနဲ့ အပူ အအေး Drinks ကောင်းကောင်းတွေရရှိနိုင်တဲ့ Bread Talk ကို လမ်းညွှန်ပေးချင်ပါတယ်။

 

ရန်ကုန်မြို့ မြို့လယ်ခေါင်မှာ တည်ရှိတဲ့ Junction City မှာ စတင်ဖွင့်လှစ်ခဲ့တာကြောင့် အခုတလော ရေပန်းအစားဆုံးဆိုင်လေး ဖြစ်တဲ့အတွက် လူကြိုက်များပြီး လူသိများတဲ့ဆိုင်လေးပါ။ ဒီလောက်လူသိများတဲ့ ဆိုင်လေးကို မသိလိုက်ရရင် ခေတ်နောက်ကျနေမှာ စိုးလို့ Bread Talk ဆိုင်ရဲ့ လိပ်စာလေးတွေကို ဖော်ပြပေးလိုက်မယ်နော်။

ဆိုင်() Level – 1, Unit 105 – 106, Junction City (Downtown Yangon, opposite to Bogyoke Market)

Yangon

ဆိုင်() No.1, Crystal Tower, Junction Square Extension, Kyuan Taw Road, Kamaryut Township,Yangon,

ဆိုင်(၁)ကိုတော့ မနက်(၉)နာရီကနေ ည(၉)နာရီအထိ ဖွင့်လှစ်ထားပြီး ဆိုင်(၂) ကိုတော့ မနက်(၈)နာရီကနေ ည(၉)နာရီအထိ ဖွင့်လှစ်ပေးထားပါတယ်။

Bread Talk ဆိုင်လေးမှာတော့ချောကလက် ခရင်(မ်)တွေ အလယ်မှာညှပ်ထားပြီး ပေါင်မုန့်သား မွမွပွပွလေးကို သကြားနဲ့ အဆန်းတပြားအုပ်ထားတဲ့ “ Choc Aleck “ ချောကလက်အရသာတွေ တပြည့်ကြီး လျှာပေါ်စွဲသွားစေတဲ့ “ Chocolate Heaven “ တစ်ကိုက် ကိုက်လိုက်ရုံနဲ့ ဆိမ့်နေတဲ့ ပေါင်မုန့်သား မွမွလေးမှာ အရသာပြည့်တဲ့ တူနာငါးနဲ့ ပဲစိမ်းလေးတွေက ထပ်ခါထပ်ခါ စားချင်အောင် ဆွဲဆောင်ထားနိုင်တဲ့ “ Tuna Edamame “ ချိုစိမ့်စိမ့် ပေါင်မုန့်သားလေးကိုမှ ကြက်သားနဲ့ အတူရောထားတဲ့  တူနာငါးအသားလွှာလေးတွေ အားဖြည့်ထားတဲ့ “ Oh! Konomiyaki “ ကော်ဖီတစ်ချိုး   နွားနို့ နှစ်ချိုး နဲ့ ဖျော်ထားတဲ့ လက်ဖက်စိမ်းနံ့သင်းသင်းလေးနဲ့ သိပ်မပြင်းဘဲ စိမ့်စိမ့်လေးသောက်ရမယ့် “ Green Tea Latte “  အစရှိတဲ့  Menu ဆန်းဆန်းလေးတွေနဲ့ ရင်ခုန်မှုတွေကို Bread Talk ဆိုင်လေးက ဖန်တီးပေးမှာ ဖြစ်ပါတယ်။

Menu လေးတွေ ကြည့်ရုံနဲ့တင် သရေယိုစရာကြီးနော်။ အရသာထူးခြားကောင်းမွန်ပြီး တစ်ခါစားဖူးရုံနဲ့ တစ်သက်စွဲမက်စေမယ့် ပေါင်မုန့် ကိတ်မုန့်တွေ ရရှိနိုင်တဲ့ Bread Talk ဆိုင်လေး ဟာ ဆိုင်ခွဲ ခုရှိတာကြောင့် အစားတစ်လိုင်းတို့နဲ့ နီးတဲ့ ဆိုင်လေးကို ခေတ်နောက်မကျစေဖို့ အပြေးလေး လှမ်းလိုက်တော့နော်။

Image Source : www.facebook.com/pg/BreadTalk-Myanmar

Leave A Comment

Your email address will not be published. Required fields are marked *