မန္တလေးနန်းကြီးသုပ်လက်ရာအတိုင်း တစ်ထပ်တည်းခံစားရရှိစေနိုင်မယ့် Besties…

မန္တလေးရောက်တိုင်း မဖြစ်မနေသွားစားဖြစ်တဲ့အစားအစာတွေထဲမှာ မန္တလေးနန်းကြီးသုပ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နန်းကြီးသုပ်ဆိုရင် ပဲမှုန့်နံ့သင်းသင်းလေးရတဲ့ မန္တလေးကအရသာကိုမှ စားချင်တာပါဆိုပြီး တခြားကနန်းကြီးသုပ်တွေကို ခံတွင်းမတွေ့တတ်တဲ့ အစားတစ်လိုင်းတို့အတွက် Foodies Navi ကနေ မန္တလေးနန်းကြီးသုပ်လက်ရာအတိုင်း ရန်ကုန်မှာစားနိုင်မယ့် Besties ဆိုတဲ့ဆိုင်လေးကို လမ်းညွှန်ပေးချင်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၂၅၈) ၊ ကျိုက္ကဆံလမ်းနှင့် သတိပဌာန်လမ်းထောင့် ၊ ကျောက်မြောင်းဖြစ်ပါတယ်။

မန္တလေးကလက်ရာအတိုင်းဆိုတာကတော့ နန်းကြီးသုပ်မှာပါဝင်တဲ့ မန္တလေးမုန့်တီဖတ်အကြီးတွေနဲ့ ပဲမှုန့်တွေကို မန္တလေးကနေတိုက်ရိုက်မှာယူပြီး မန္တလေးစတိုင်အတိုင်း သုပ်ထားတာကြောင့်  မန္တလေးမှာနန်းကြီးသုပ်သွားစားနေရသလို ထိမိကောင်းမွန်တဲ့အရသာဆိမ့်ဆိမ့်လေးကို စိတ်တိုင်းကျခံစားရရှိစေနိုင်မှာပဲဖြစ်ပါတယ်။ စျေးကလည်း ၁၅၀၀ကျပ်တည်းဆိုတော့ တန်လည်းတန်ကောင်းလည်းကောင်းတဲ့ မန္တလေးနန်းကြီးသုပ်လို့ဆိုနိုင်မှာဖြစ်ပါတယ်။ ဒီလိုအရသာထူးခြားလှတဲ့ မန္တလေးနန်းကြီးသုပ်တွေကို မတ်ပဲကြော်ပူပူလေးနဲ့ တွဲဖက်လိုက်မယ်ဆိုရင်တော့ ရှယ်မှရှယ်ဖြစ်သွားမှာ အသေအချာပါပဲ။

မန္တလေးဒေသရဲ့ နာမည်ကြီးအစားအစာတွေဖြစ်တဲ့ မန္တလေးမုန့်တီနဲ့မန္တလေးမြီးရှည်ကိုလည်း မန္တလေးလက်ရာအတိုင်း စိတ်တိုင်းကျရရှိနိုင်ဦးမှာဖြစ်တဲ့အပြင် တခြားအရသာရှိတဲ့အစားအစာတွေအများကြီးကိုလည်း တစ်နေရာတည်းမှာ သုံးဆောင်နိုင်မှာပဲဖြစ်ပါတယ်။  Lunch Box တွေမှာယူချင်တယ်ဆိုရင်လည်း အရသာရှိပြီးထူးခြားကောင်းမွန်အစားအစာတွေကို လတ်လတ်ဆတ်ဆတ်ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် Soad & Syrup Series တွေကိုလည်း ရရှိနိုင်ဦးမှာဆိုတော့ လုံးဝလွင့်လို့ရပြီနော်။ ဘော်ဒါတွေနဲ့တူတူ Chit Chat ချင်ရင်ပဲဖြစ်ဖြစ် မိသားစုတွေစုပြီးသွားစားချင်လို့ပဲဖြစ်ဖြစ် တကယ့်ကိုအဆင်ပြေစေမယ့် ဆိုင်လေးပါပဲနော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၇)နာရီကနေ ည(၆)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source: www.facebook.com/besties

Leave A Comment

Your email address will not be published. Required fields are marked *