ငွေ(၅၀၀၀)ကျပ်ရှိရုံနဲ့ ဟော့ပေါ့အဝစားနိုင်ပြီနော်

ဟော့ပေါ့ဆိုင်တွေတော်တော်များများသွားစားခဲ့ဖူးပေမယ့် အဝစားဟော့ပေါ့ကို ရန်ကုန်မှာဒီလောက်ဈေးနဲ့ရောင်းတာကိုတော့ မကြားဖူးသလောက်ပါပဲ ? (၅)ထောင် ဆိုတဲ့ငွေကြေးပမာဏကလည်း တကယ်တန်းသွားစားရင် ကြေးအိုးတစ်ပွဲစာလောက်ပဲရှိတာရယ်။ (၅)ထောင်လောက်နဲ့ ဟော့ပေါ့အဝစားရမယ်ဆိုတော့ အကြီးကြီးတန်ချက်ပဲကွယ်။ ဒီလိုစားလို့ရနိုင်တဲ့ဆိုင်လေးကတော့ မြောက်ဒဂုံထဲမှာပါ။ ဆိုင်နာမည်လေးကတော့  ” Best Friend ” ပါ။

(၅၀၀၀)ဆိုလို့ပေါ့သေးသေးတော့ မမှတ်လိုက်နဲ့ဦးနော်။ သုံးထပ်သား ၊ ဝက်ဂုတ်သား ၊ ကြက်သား ၊ ပုဇွန် ၊ ကြက်သည်းမြစ် ၊ ပြည်ကြီးငါး ၊ ယိုးဒယားအသားလုံး ၊ အူချိုတွေအစုံပဲရတယ်နော်။ အသားတွေကလည်း လတ်ဆတ်ချိုမြနေတာပဲ ။ အရွက်အသီးစုံစုံလင်လင်လေးအပြည့်ဆိုတော့ လုံးဝရှယ်ပဲ။ Soup တွေကတော့ Mala , Tomyum , Chicken ဆိုပြီးရွေးလို့ရတယ်။ အရသာတွေကဂွတ်နေရောပဲ (၅၀၀၀)လို့မထင်ရလောက်အောင်ကောင်းတယ်။ အဝစားဆိုတော့ ကြိုက်သလိုဆွဲဖို့သာပြင်ထားလိုက်တော့။  Sauce လေးထဲမှာတော့ Seafood Sauce လေးကတော်တော်ဖိုင်းတယ်။ တို့စားလို့လည်းတော်တော်လေးလိုက်တယ်။ ထမင်းကြော် ၊ ကြာဇံကြော် ၊ ကော်ပြန့်ကြော် ၊ အာလူးချောင်းကြော်စတဲ့ Side Dish လေးတွေလည်းရနိုင်သေးတယ်။ အအေး(၃)မျိုးကိုလည်း Free Flow ဆိုတော့စွန်းဂွတ်ပဲ။

 

သောကြာ ၊ စနေ ၊ တနင်္ဂတွေဆိုရင်လည်း မာလာရှမ်းကောရနိုင်သေးတယ်တဲ့ ။ (၅၀၀၀)ကျပ်နဲ့စားချင်ရင်တော့ မနက်(၁၀)နာရီကနေ ညနေ(၅)နာရီအထိပဲဆိုတော့ စောစောသွားဖို့တော့လိုမယ်နော်။ ညနေ(၅)နာရီကနေ ည(၁၀)နာရီထိဆို (၆၀၀၀)ပေးရမှာရယ်။ မင်မင်ကတော့ (၆၀၀၀)ဆိုရင်တောင် တော်တော်ကြီးတန်တယ်လို့ပြောလို့ရတယ်။ ဆိုင်လိပ်စာကတော့ မြောက်ဒဂုံ ၊ မဟာမြိုင်မှတ်တိုင် ၊ ရွှေတော်ဝင်ဆေးရုံမျက်စောင်းထိုးမှာပါ။

 

Image Source: www.facebook.com/bestfriendhotpot

Leave A Comment

Your email address will not be published. Required fields are marked *