ဆန်းသစ်တဲ့ဘီယာလေးတွေသောက်သုံးပြီး လွင့်မျောချင်တဲ့အစားတစ်လိုင်းတို့အတွက် Beer Bar

MENU ဆန်းဆန်းလေးတွေနဲ့ တစ်မူထူးခြားစွာသုံးဆောင်နိုင်တာကြောင့် အစားတစ်လိုင်းတို့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ဆိုင်လေးကတော့ Beer Bar ဆိုတဲ့ဆိုင်လေးပါ။ ရောစပ်ဖန်တီးထားတဲ့ ဘီယာတွေနဲ့အတူ ဟင်းလျာအသစ်အဆန်းလေးတွေကို လိုက်ဖက်ညီစွာသုံးဆောင်နိုင်မယ့် Beer Bar ကတော့ အမှတ်(၅၂-A) ၊ မဉ္ဇူလမ်း ၊ ပါရမီ ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မှာတည်ရှိတာဖြစ်ပါတယ်။

Beer Bar မှာတော့ ကြက်တောင်ပံကို Coca Cola နဲ့နှပ်ပြီးကြော်ထားပေမယ့် ငရုတ်သီးနဲ့အချဉ်လေးတွေ အပေါ်ကအုပ်ပေးထားလို့ ချိုအီမနေဘဲ နူးနူးညံ့ညံ့လေးနဲ့စားလို့ကောင်းတဲ့ တောင်ပံကိုလာ ၊ ပေါင်းထားတဲ့ဂဏန်းအကြီးကြီးတွေကို ချဉ်ချဉ်စပ်စပ်ဆော့စ်နဲ့ တို့စားရတာကြောင့် ဂဏန်းသားရဲ့လတ်ဆတ်မှုတွေ ပေါ်လွင်စွာခံစားရစေမယ့် ဂဏန်းချစ်သူ ၊ ပုဇွန်အစိမ်းကိုမှ မျှင်ငပိလေးရယ် ၊ ငရုတ်သီးလေးရယ်နဲ့ ရောထောင်းထားပြီး သခွားသီးလေးနဲ့တို့စားရမယ့် ပုဇွန်အစိမ်းထောင်း ၊ အရည်သောက်ဟင်းရည်လေးနဲ့မှ ဘီယာသောက်ရတာပိုဇိမ်ကျတယ်ဆိုတဲ့ ဘီယာချစ်သူတတို့အတွက် ကကတစ်ငါးလေးနဲ့ အာပူလျှာပူလေးချက်ထားတဲ့ ငါးသောက်စမ်း ၊  အုန်းရည်နဲ့ တခြားပါဝင်ပစ္စည်းတစ်မျိုးကို ပေါင်းစပ်ထားပြီး ဘီယာနဲ့ Modify ပြန်လုပ်ထားတာကြောင့် အုန်းသီးဂျယ်လီအဖတ်လေးတွေအရသာနဲ့အတူ ချိုမွှေးအေးတဲ့အရသာကို ခံစားနိုင်စေမယ့် ဂျွမ်းပြန်ရည် ၊ ဝါးဆစ်ခွက်အေးအေးလေးထဲမှာ ဘီယာနဲ့ကချင်ခေါင်ရည်ကို အချိုးကျပေါင်းစပ်ထားတာကြောင့် ချိုမြမြရီဝေဝေလေးနဲ့ သောက်လေသောက်လေမက်မပြေစေတဲ့ ချာချာလည် ၊ မြေအိုးအေးအေးလေးထဲမှာ ဘီယာအရသာလုံးဝမပျက်ဘဲ ပိုပြီးသောက်လို့ကောင်းအောင် သံပုရာသီးရနံ့နဲ့အသီးနံ့လေးတွေပေါင်းစပ်ပြီး Modifyလုပ်ထားတာကြောင့် Beer Bar ရဲ့ပထမဦးဆုံးတီထွင်ဆန်းသစ်မှုနဲ့ လူကြိုက်အများဆုံးဖြစ်နေတဲ့ ဘီယာမြေအိုးစတဲ့ ဆန်းသစ်တီထွင်မှုအစုံအလင်ကို မြည်းစမ်းခံစားနိုင်မှာပဲဖြစ်ပါတယ်။

Beer Bar ရဲ့အထူးခြားဆုံးကတော့ ဝက်သားအသည်းစွဲတွေအတွက် ခေါင်းအစခြေအဆုံးအသားတွေကိုရရှိနိုင်မယ့် ဝက်ရွာပဲဖြစ်ပါတယ်။ ဝက်ရွာမှာတော့ ဝက်သားဒုတ်ထိုးအစုံ ၊ ဝက်နံရိုးကြံမဆိုင် ၊ ဝက်ဦးနှောက်(ချဉ်စပ်/အချို/အကြော်) ၊ ဝက်လက်စွပ်ပြုတ် ၊ အူစုံသုပ် ၊ အူစုံစွပ်ပြုတ်ချဉ်စပ် ၊ ကြာဇံကြော်သုပ်တွေကို တစ်ဝကြီးသုံးဆောင်နိင်တာပဲဖြစ်ပါတယ်။ ဆန်းသစ်တဲ့ဘီယာလေးတွေသောက်သုံးပြီး လွင့်မျောချင်တဲ့အစားတစ်လိုင်းတို့အတွက် Beer Bar ကိုမရောက်ဖူးဘူးဆိုရင် ခေတ်နောက်ကျသွားမယ်နော်။ ဆိုင်ဖွင့်ချိန်ကတော့ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၁)နာရီကနေ ည(၁၁)နာရီအထိပဲဖြစ်ပါတယ်။

 

 

Image Source: www.facebook.com/beerbar

Leave A Comment

Your email address will not be published. Required fields are marked *