ပုဂံစတိုင်အသုပ်စုံနဲ့သစ်သီးဖျော်ရည်တွေကို လက်ရာသန့်သန့်သုံးဆောင်နိုင်မယ့် Bagan Box

နေ့စဉ်နဲ့အမျှ နေ့လည်စာနဲ့ညစာစားချိန်မှာ ထမင်းဟင်းတွေချည်းစားနေရလို့ ငြီးငွေ့နေပြီလား?? အပြောင်းအလဲအနေနဲ့ ထမင်းသုပ်နဲ့အသုပ်စုံလေးတွေ ပြောင်းစားကြည့်ဖို့အကြံလေးပေးချင်ပါတယ်။ ထမင်းသုပ်နဲ့အသုပ်စုံတွေကိုမှ မြေလတ်ဒေသပုဂံမှာ သွားရောက်သုံးဆောင်ရသလို ပုဂံဒေသရဲ့လက်ရာတွေအတိုင်း သုံးဆောင်နိုင်မယ့် Bagan Box ဆိုတဲ့ဆိုင်လေးကိုသွားစားကြည့်ဖို့ လမ်းညွှန်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ အမှတ်(၄၂) ၊မြေနီထပ် ၊ မကြီးကြီးလမ်း -ရွှေနှင်းဆီလမ်းထောင့် ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။

Bagan Box မှာရရှိနိုင်တာတွေကတော့  ဆိမ့်ဆိမ့်လေးနဲ့အစပ်အဟပ်တည့်တည့်သုပ်ထားပြီး ကြက်ဥကြော် ၊ ငါးဖယ် ၊ ဝက်/ကြက်ဥချောင်း ၊ ကြက်/ဝက်သားပြားတွေနဲ့ တွဲစားနိုင်တာကြောင့် လူကြိုက်အများဆုံးဖြစ်နေတဲ့ ပုဂံထမင်းသုပ် ၊ ကြက်သားညှီနံ့လုံးဝမနံဘဲ ကြက်အသားတွေချည်းသိပ်ထားကာ အထူးပြုလုပ်ထားတဲ့အချဉ်ရည်နဲ့ တွဲဖက်စားသုံးနိုင်မယ့် ကြက်တောင်ပံအစာသိပ် ၊ လတ်ဆတ်တဲ့ပဲဆိမ့်ဆိမ့်အရသာလေးကို အစာပလာစုံစုံနဲ့သုံးဆောင်နိုင်မယ့် ပုဂံပုန်းရည်ကြီးသုပ် ၊ ချဉ်ပြုံးပြုံးအရသာလေးတွေကြောင့် ထမင်းမြိန်စေမယ့် ချဉ်ပေါင်ကြော် ၊ သရက်သီးကို မျှင်မျှင်လေးတွေခြစ်ပြီး အရသာဝင်အောင်ချဉ်ငံစပ်ထောင်းထားတာကြောင့် ထမင်းနဲ့ပဲစားစား အအီပြေပဲစားစား စားလို့ကောင်းတဲ့သရက်သီးထောင်း ၊ ရှောက်သီးရဲ့အချဉ်စူးရှမှုတွေကို ဆိမ့်သက်တဲ့အစာပလာတွေနဲ့နယ်ပြီး ချဉ်ငံစပ်လေးသုပ်ထားတဲ့ ရှောက်သီးသုပ်စတဲ့ ရှယ်ခံတွင်းတွေ့စေမယ့်လက်ရာတွေကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရာသီပေါ်အသီးအနှံဖျော်ရည်တွေနဲ့ Detox တွေကိုလည်းရရှိနိုင်တယ်ဆိုတော့ ချဉ်ငံစပ်အသုပ်လေးတွေကို ရှူးရှူးရှဲရှဲစားရင်း ဖျော်ရည်လေးတွေကို အစပ်ပြေသောက်သုံးမယ်ဆိုရင် တကယ့်ကိုလိုက်ဖက်ကောင်းမွန်မှာ အသေအချာပါပဲ။

 

လတ်ဆတ်တဲ့အသီးအနှံတွေကို နို့ ၊ ပျားရည် ၊ ဒိန်ချဉ်တွေကိုသာအသုံးပြုပြီး ကျန်းမာရေးညီညွတ်စွာပြုလုပ်ပေးသလို ကြော်လှော်ချက်ပြုတ်ရာမှာလည်း စားအုန်းဆီကိုအသုံးမပြုဘဲ အစာကြေလွယ် ၊ အာဟာရဖြစ်လွယ်ပြီး အရသာအထူးကောင်းမွန်အောင်ပြုလုပ်ထားတာကြောင့် ယုံကြည်စိတ်ချစွာသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

စျေးနှုန်းတွေကလည်း ၁၀၀၀/၂၀၀၀ ကျပ်ဝန်းကျင်တွေသာရှိတာဆိုတော့ အသုပ်မျိုးစုံကို အဝတွယ်လို့ရပြီနော်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိပဲဖြစ်ပါတယ်။

 

Image Source : www.facebook.com/baganbox

Leave A Comment

Your email address will not be published. Required fields are marked *