အင်ဒိုနီးရှားစတိုင်ဟင်းလျာတွေကို မြန်မာခံတွင်းနဲ့ပနံသင့်စွာ သုံးဆောင်နိုင်စေဖို့……

ရန်ကုန်မြို့မှာစားသောက်ဆိုင်တွေ မှိုလိုပေါက်နေပေမယ့် အင်ဒိုနီးရှားအစားအစာတွေ ရရှိနိုင်တဲ့ဆိုင်ကတော့ အလွန်ကိုရှားပါးလွန်းပါတယ်။ ဒီလိုရှားရှားပါးပါးလေးထဲကနေ ရွေးချယ်စစ်ထုတ်ပြီး တကယ့်ကိုစားလို့ကောင်းတဲ့ အင်ဒိုနီးရှားစားသောက်ဆိုင်လေးအကြောင်းကို Foodies Navi ကနေ ပြောပြပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ ရွှေတိဂုံဘုရားအနောက်ဘက်မုခ် No-G.31 , Myanmar Culture Valley , People’s Park မှာသွားရောက်သုံးဆောင်လို့ရသလို Junction City အပေါ်ဆုံးထပ်မှာရှိတဲ့ Food Streat မှာပါသွားရောက်သုံးဆောင်လို့ရတဲ့ Ayam Penyet ဆိုတဲ့ဆိုင်ဖြစ်ပါတယ်။

Ayam Penyen မှာတော့ လတ်လတ်ဆတ်ဆတ်ကင်းမွန်လေးတွေကို ငရုတ်သီးဆော့စ်စပ်စပ်လေးနဲ့ တွဲဖက်စားသုံးရမယ့် ငရုတ်သီးဆော့စ်ကင်းမွန်ဟင်းလျာ ၊ အရသာစိမ့်ဝင်နေတဲ့ ကြွပ်ကြွပ်ရွရွအမဲသားလုံးကြော်လေးတွေကို  အင်ဒိုနီးရှားရဲ့နာမည်ကြီး Penyet အစပ်ဆော့စ်နဲ့အတူ လိုက်ဖက်ညီစွာသုံးဆောင်နိုင်မယ့် အင်ဒိုနီးရှားစတိုင်အမဲသားလုံးကြော် ၊ ကန်စွန်းရွက်ကိုပြုတ်ပြီး အုန်းနို့နဲ့ချက်ထားတဲ့ ဟင်းရည်ဆိမ့်ဆိမ့်လေးကို Soup ပုံစံနဲ့မြည်းစမ်းခံစားနိုင်မယ့် Gulai Pucuk ၊ ဂေါ်ရခါးသီး မြေပဲ ပဲတောင့်ရှည် ကန်စွန်းရွက် ပြောင်းဖူးတို့နဲ့အတူ Paste Sayur Asam ကိုပါရောပြုတ်ထားတာကြောင့် အရသာချဉ်ချဉ်လေးခံစားရစေမယ့် Sup Sayur Asam Balado ငရုတ်သီးဆော့စ်နဲ့အတူ ပဲပြားကြော် ကန်စွန်းရွက်ကြော် ခရမ်းချဉ်သီးနဲ့သခွားသီးတို့နဲ့ပါ တွဲဖက်စားသုံးရတဲ့ ကြွပ်ကြွပ်ရွရွငါးခူအစပ်ကြော် ၊ နူးညံ့တဲ့ခေါက်ဆွဲသားထဲမှာ အမဲသားလုံးရဲ့ချိုမြတဲ့ အရသာစီးဝင်နေမှုကို မြည်းစမ်းခံစားနိုင်မယ့် အမဲသားလုံးခေါက်ဆွဲပြုတ်(AP Bakso Mee) ၊ အင်ဒိုနီးရှားစတိုင် ငါးမုန့်ဖြူကို ကန်စွန်းရွက် ပဲပြား ခရမ်းချဉ်သီး သခွားသီးစတဲ့အမယ်စုံတွေနဲ့အတူ Balado ဆော့စ်နဲ့တွဲဖက်သုံးဆောင်ရတဲ့ Ikan Bawal Puith Balado စတဲ့အင်ဒိုနီးရှားဟင်းလျာတွေကို စုံစုံလင်လင်ခံစားရရှိနိုင်မှာပဲဖြစ်ပါတယ်။

အင်ဒိုနီးရှားစတိုင်ချက်ပြုတ်ပြင်ဆင်ထားပေမယ့် မြန်မာခံတွင်းနဲ့လိုက်ဖက်ပနံသင့်တာကြောင့် တစ်ခါစားဖူးရုံနဲ့ထပ်ခါတလဲလဲ သွားစားချင်စိတ်တွေ ဖြစ်ပေါ်စေနိုင်မှာပါ။ စျေးနှုန်းကလည်းသင့်တင့်ပြီး ဟာလာလည်းဖြစ်တာကြောင့် လူမျိုးဘာသာမရွေးသုံးဆောင်နိုင်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့မနက်(၁၀)နာရီကနေ ည()နာရီခွဲအထိပဲဖြစ်ပါတယ်။

 

 

Image Source: www.facebook.com/ayampenyen

Leave A Comment

Your email address will not be published. Required fields are marked *