နန်းထိုက်တော်ဝင်တဲ့အပြင်အဆင်တွေနဲ့ အာရှအစားအစာတိုက်ကြီးလို့ တင်စားနိုင်တဲ့ Asia House Restaurant………

ဘယ်လိုမျိုးအနောက်တိုင်းအစားအစာတွေ ကောင်းတယ်ပြောပြော အရှေ့တိုင်းကအစားအစာတွေလောက် ခံတွင်းမတွေ့နိုင်တဲ့ Foodies တို့အတွက် အာရှဒေသတစ်လွှားက နာမည်ကြီးပြီးလူကြိုက်များတဲ့အစားအစာတွေကို တစ်နေရာတည်းမှာစုစုစည်းစည်း ရရှိနိုင်မယ့် Asia House Restaurant အကြောင်းကို Foodies Navi ကနေပြောပြပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ အစားအသောက်ကောင်းတွေပေါများလှတဲ့လမ်းမတော်၊ဘုန်းကြီးလမ်းမှာတည်ရှိတာကြောင့် ရှာဖွေရလွယ်ကူမှာအသေအချာပါပဲ။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ အဝါရောင်မီးဖျော့ဖျော့လေးတွေကရောင်စဉ်တန်းသဖွယ်ကြိုဆိုနေပြီး နန်းထိုက်တော်ဝင်တဲ့အပြင်အဆင်တွေ၊ ခန့်ညားလှပတဲ့ဆေးရေးပန်းချီကားတွေနဲ့ သန့်ရှင်းသပ်ရပ်တဲ့ခင်းကျင်းထားမှုတွေကြောင့် ဆိုင်ရဲ့အဆင့်အတန်းမြင့်မှုကို အရင်ဆုံးတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

 

 

ရရှိနိင်တဲ့အစားအစာတွေကတော့  ပုဇွန် ၊ ကကတစ် ၊ ဂုံးတွေကို အုန်းနို့နံသင်းသင်းလေးနဲ့ စပ်စပ်လေးချက်ထားတဲ့ ပင်လယ်စာအိုးနို့အစပ်ချက် ၊ ဝက်ဂုတ်သားကို နူးနူးအိအိလေးနဲ့ အရသာစိမ့်ဝင်အောင်ကင်ထားပြီး အတွဲအစပ်ညီတဲ့အချဉ်ရည်လေးပါ တစ်ခါတည်းသုတ်ထားတာကြောင့် အသင့်စားသုံးနိုင်မယ့် ဝက်ဂုတ်သားကင်သုပ် ၊ နူးအိပြီးအသားတွေပျော်ကျတဲ့အထိပြုတ်ထားတာကြောင့် ချိုဆိမ့်တဲ့ကြက်ခြေထောက်အသားအရသာတွေ ဟင်းရည်ထဲမှာပျော်ဝင်နေပြီး ပူပူစပ်စပ်လေးသောက်သုံးနိုင်မယ့် ကြက်ခြေထောက်ချဉ်စပ်ဟင်းရည် ၊ ဝက်နားရွက်တွေကို အရှည်လိုက်ပါးပါးလေးတွေလှီးပြီး ကြွပ်ကြွပ်လေးကြော်ထားတဲ့ ဝက်နားရွက်ကြွပ်ကြော် ၊ ကြက်သားကိုနူးနူးအိအိလေးနဲ့ ထောပတ်ရနံ့သင်းသင်းလေးရအောင်ကင်ထားပြီး ငရုတ်အဆီအနှစ်လေးတွေဆမ်းထားတာကြောင့် အရသာတစ်မျိုးထူးခြားနေတဲ့ ကြက်အစပ်ကင်စတာတွေ ရရှိနိုင်မယ့်အပြင် မြန်မာဟင်းလျာအစုံအလင်ကိုလည်း ဖွယ်ဖွယ်ရာရာရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရောသမမွှေပြီး ချဉ်ချဉ်စပ်စပ်ထောင်းထားတဲ့ ယိုးဒယားအထောင်းအသုပ်မျိုးစုံရရှိနိုင်ပြီး ပေါင်းစပ်ဖန်တီးထားတဲ့ Cocktails , Mocktails တွေကိုလည်းဆန်းဆန်းပြားပြားလေးသုံးဆောင်နိုင်ဦးမှာပဲဖြစ်ပါတယ်။

အရသာရှယ်ကောင်းပြီး အပြင်အဆင်တွေကလည်း ကြွေချင်စရာကောင်းတာကြောင့် VIP ဧည့်သည်တွေကိုဧည့်ခံချင်တဲ့သူတွေအတွက် ဒီဆိုင်မှာဧည့်ခံမယ်ဆိုရင် လုံးဝမျက်နှာလှမယ့်ဆိုင်လေးပါ။ စျေးနှုန်းတွေကလည်း ၆၀၀၀၁၀၀၀၀ကျပ် ပတ်ချာလည်ဆိုတော့ ဟိုတယ်ကြီးတွေလောက်စျေးမများဘဲ တင့်တယ်စေမယ့်ဆိုင်လေးပါ။ သူငယ်ချင်းတွေအုပ်စုလိုက် စုစားမယ်ဆိုရင်လည်း ဟင်းမျိုးစုံကိုမြည်းစမ်းခံစားရင်း အေးအေးဆေးဆေး Chill လို့ကောင်းမယ့်ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်ကတော့ နေ့လည်(၁၂)နာရီကနေ ည(၁၀)နာရီအထိဖွင့်လှစ်ထားတာကြောင့် နေ့လည်စာနဲ့ညစာကောင်းကောင်းစားဖို့ ဆိုင်ကောင်းရွေးချယ်နေကြတဲ့ foodies တို့အတွက် သတင်းကောင်းလေးပါပဲနော်။

 

 

Image Source: www.facebook.com/asiahouserestaurant

Leave A Comment

Your email address will not be published. Required fields are marked *