မနက်ခင်းအချိန်လေးမှာ ထိုင်းစာစားဖို့တောင့်တနေတတ်သူတွေအတွက် Aroma….

နေ့လည်စာနဲ့ညစာတွေအတွက် ထိုင်းစားသောက်ဆိုင်တွေ တော်တော်များများရှိပေမယ့် မနက်စာစားသုံးချိန်အတွက်ကိုတော့ ထိုင်းရိုးရာအစားအစာရရှိနိုင်တဲ့ဆိုင်တွေ ရှားပါးတာကြောင့် မနက်ခင်းအချိန်မှာ ထိုင်းစာစားဖို့တောင့်တနေတတ်သူတွေအတွက် အခက်တွေ့လှပါတယ်။ ဒီလိုမျိုးထိုင်းစာတွေကို မနက်စောစောအချိန်လေးမှာ အာသီသရှိနေသူတွေအတွက် ထိုင်းအရသာစစ်စစ်ကို မနက်စာအနေနဲ့သွားရောက်သုံးဆောင်နိုင်မယ့် Aroma Restaurant & Cafe ဆိုင်လေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ အမှတ် (၄၂ ၊ ၄၃) (၆၃)လမ်း ၊ လမ်း(၄၀)နှင့်(၄၁)လမ်းကြား၊မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့မှာတည်ရှိတာဖြစ်ပါတယ်။

 

ခမ်းနားသေသပ်တဲ့အပြင်အဆင် ၊ ဖော်ရွေတဲ့ဝန်ဆောင်မှုနဲ့ ထူးကဲကောင်းမွန်တဲ့အရသာတွေကြောင့် လူကြိုက်များနေတဲ့ Aroma Restaurant & Cafe မှာတော့ အသားအကင်အရသာတွေ လျှာပေါ်ဖြတ်ပြေးနေသလို ကျစ်လျစ်သိပ်သည်းတဲ့ အသားကင်လေးတွေကို ထိထိမိမိခံစားရစေပြီး လတ်ဆတ်တဲ့ဆီချက်ခေါက်ဆွဲနဲ့ တွဲဖက်သုံးဆောင်ရမယ့် ဝက်သားကင်ဆီချက် ၊ နူးအိနေအောင်ပေါင်းထားတဲ့  ဝက်နံရိုးလေးတွေကို နူးနူးညံ့ညံ့ခေါက်ဆွဲသားလေးနဲ့ ပေါင်းစပ်ပြီး ဆီချက်ပြုလုပ်ထားပြီး လတ်လတ်ဆတ်ဆတ်မုန်ညင်းရွက်လေးနဲ့ တွဲဖက်သုံးဆောင်ရမယ့် ဝက်နံရိုးပေါင်းဆီချက် ၊ ကြက်ခြေထောက်ပေါင်းထားရာက ယိုစိမ့်ထွက်လာတဲ့ အရသာရည်လေးတွေကို ဂျုံခေါက်ဆွဲစီးစီးလေးနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ကြက်ခြေထောက်ပေါင်းဂျုံခေါက်ဆွဲ ၊ အသားလုံးလေးတွေကို ကိုက်ကြည့်လိုက်တိုင်း တုံယမ်းအရသာအရည်လေးတွေစိမ့်ထွက်လာပြီး ချဉ်ချဉ်စပ်စပ်နဲ့လျှာပေါ်ပလူပျံသွားစေမယ့် တုမ်ယမ်းကွေ့သယို ၊ ကြက်သားရဲ့အဆီအနှစ်အရသာတွေသုံးပြီးချက်ပြုတ်ထားတဲ့ ကြက်ဆီထမင်းကို နူးနူးအိအိကြက်သားလေးနဲ့ တွဲဖက်စားသုံးရမယ့် ကြက်ဆီထမင်း စတဲ့အစားအစာအစုံအလင်ကို အရသာရှိရှိသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

မွေးနေ့ပွဲတွေပဲဖြစ်ဖြစ် ၊ အထိမ်းအမှတ်ပွဲတွေပဲဖြစ်ဖြစ် Party ပွဲတွေပဲဖြစ်ဖြစ် ကျင်းပနိုင်ဖို့အတွက် နေရာရွေးချယ်ဖို့ခေါင်းစားနေသူတွေအတွက်လည်း စိတ်တိုင်းကျစေနိုင်မယ့်ဆိုင်လေးဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက်()နာရီကနေ ည(၁၀)နာရီခွဲထိဖြစ်ပါတယ်။

 

 

Image Source: www.facebook.com/aromarestaurant&cafe

Leave A Comment

Your email address will not be published. Required fields are marked *