အမေရိကန်ကြက်ကြော်အရသာအတိုင်း ကွက်တိရရှိစေနိုင်မယ့် ကြက်ကြော်ပြုလုပ်နည်း

အဆာပြေအတွက်ပဲဖြစ်ဖြစ် ၊ အဝစားဖို့ပဲဖြစ်ဖြစ် Fast foods တွေထဲမှာဆိုရင် အမေရိကန်ကြက်ကြော်ကိုလူကြိုက်များကြပါတယ်။ ဗိုက်အဆာခံသလို အာဟာရပြည့်ဝပြီး စားလို့လည်းကောင်းတာကြောင့်  အမေရိကန်ကြက်ကြော်ကိုတော်တော်များများ ဝယ်စားဖြစ်ကြပါတယ်။ ဒီလိုလူကြိုက်များတဲ့ကြက်ကြော်ကို KFC ကြက်ကြော်အရသာအတိုင်းကြော်နည်းလေးကို အိမ်မှာပဲအလွယ်တကူပြုလုပ်နိုင်မယ်ဆိုရင် စိတ်ဝင်စားကြလိမ့်မယ်ထင်ပါတယ်နော်။

အမေရိကန်ကြက်ကြော်ရရှိဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  • ကြက်ပေါင်ရင်အုံ ()ခု
  • ကြက်သားမှုန့် ထမင်းစားဇွန်း()ဇွန်း
  • ဆား ထမင်းစားဇွန်း ()ဇွန်း
  • ကြက်ဥ (၁)လုံး
  • နွားနို့ (၂၀၀)လီတာ
  • ဂျုံ (၁၀၀)ဂရမ်
  • ကြက်သွန်ဖြူမှုန့် လက်ဖက်စားဇွန်း ၈ပုံ၁ပုံ
  • ဆနွင်းမှုန့် အနည်းငယ်
  • ကြက်ပြုတ်ရည် ထမင်းစားဇွန်း ()ဇွန်း
  • ဆိုဒါ အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်ပုံကတော့ အမေရိကန်ကြက်ကြော်မကြော်ခင် ပထမတစ်ရက်မှာ ကြက်ရင်ပုံနဲ့ပေါင်သားတွေကို ရေစင်အောင်ဆေးပြီး ကြက်သားမှုန့် ၊ ဆား ၊ ကြက်သွန်ဖြူမှုန့် ၊ ငရုတ်ကောင်းမှုန့် ၊ ကြက်ပြုတ်ရည်တို့နဲ့ အသားထဲစိမ့်အောင်နယ်ပေးပြီး ဘူးတစ်ဘူးထဲထည့်ကာ (၂၄)နာရီကြာအောင် ရေခဲသေတ္တာအောက်ထပ်ထဲမှာထည့်ပြီးနှပ်ထားပေးပါ။ (၂၄)နာရီကြာပြီး နောက်တစ်နေ့မှာတော့ ကြက်ဥနဲ့နွားနို့ကိုခွက်တစ်ခုထဲထည့်ပြီး သမအောင်ရောမွှေပေးပါ။ ပြီးရင်တော့ နှပ်ထားတဲ့ကြက်သားတွေကို ကြက်ဥနဲ့နွားနို့ရောမွှေထားတဲ့ ခါက်ထဲမှာနှစ်ပြီး ဂျုံမှုန့်ကပ်ပေးရပါမယ်။ ပိုပြီးကြွပ်ကြွပ်ရွရွလေးဖြစ်သွားစေဖို့အတွက် ဂျုံမှုန့်ကပ်ထားတဲ့ကြက်သားတွေကို ကြက်ဥနဲ့နွားနို့အနှစ်ထဲ တစ်ခါပြန်နှစ်ပြီး ဂျုံမှုန့်ထပ်မံကပ်ပေးကာ ဆီပူနေတဲ့ဒယ်အိုးထဲ ထည့်ကြော်ပေးရပါမယ်။ အပေါ်ယံအသားတွေနီရဲနေပြီဆိုရင်တော့ ဆယ်ယူပြီးအသင့်စားသုံးလို့ရပါပြီ။ အမေရိကန်ကြက်ကြော်ကိုတော့ ကိုယ်တိုင်လုပ်တဲ့အချဉ်ရည်ထက် Chito, Bravo, Origano , Fire Dragon တို့ကထုတ်ထားတဲ့ Sweet Chilli တို့နဲ့တို့စားမယ်ဆိုရင် ပိုလိုက်ဖက်ပြီး ပိုပြီးတော့စားလို့ကောင်းပါတယ်နော်။

 

Leave A Comment

Your email address will not be published. Required fields are marked *