ခရီးသွားရင်းနဲ့ အမောအပန်းလည်းဖြေ ၊ ဝမ်းဗိုက်ကိုလည်းဖြည့်တင်းချင်တယ်ဆိုရင်တော့ အဓိပတိမြန်မာစားသောက်ဆိုင်ရှိတယ်နော်…

ဆယ်စုနှစ်()စုနီးပါးကတည်းက  ? ? ?   ရန်ကုန်မန္တလေးလမ်းဟောင်း(ဖြူး)မှာ နာမည်ကျော်ကြားပြီးသား မြန်မာစားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့  ?  အဓိပတိဟာ ၂၀၁၄ခုနှစ်မှာဆိုင်ပိတ်သွားခဲ့တာကြောင့်  ? ? ?   အဓိပတိရဲ့အရသာကိုစွဲကျန်ရစ်ခဲ့သူတွေ  ? ? ?    အများကြီးရှိနေခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာ  ? ? ?   ပြန်လည်ဖွင့်လှစ်ခဲ့ပြီး  အဓိပတိအရသာကိုပြန်လည်မြည်းစမ်းခံစားနိုင်ပြီဖြစ်တာကြောင့်  ? ? ?   Foodies Navi ကနေ အစားတစ်လိုင်းတို့သတိမထားလိုက်မိမှာစိုးလို့ ပြန်လည်မျှဝေပေးချင်ပါတယ်နော်။  ? ? ?   အဓိပတိမြန်မာစားသောက်ဆိုင်ဟာဆိုရင် New Day News Journal နဲ့ Food Magazine တို့မှာအပတ်စဉ် ၊ လစဉ် ၊ မြန်မာဟင်းချက်နည်းတွေရေးသားနေတဲ့   ? ? ?   ဆရာမနန်းစန်းစန်းအေးကိုယ်တိုင် စီမံဖန်တီးထားတဲ့မြန်မာအစားအစာတွေဖြစ်တဲ့အတွက်  ? ? ?   အရသာကတွက်ဆစရာမလိုလောက်အောင်ကောင်းမှာ အသေအချာပါပဲနော်။  ? ? ?

ဆိုင်ရဲ့လိပ်စာကတော့  ? ? ? ? ?   အမြန်လမ်း (၁၁၀) မိုင် () ဖာလုံ ၊ ဖြူး (ရန်ကုန်မှဘယ်ဘက် ၊ မန္တလေးမှညာဘက်) ဖြစ်ပါတယ်။  အဓိပတိမြန်မာစားသောက်ဆိုင်မှာ ရရှိနိုင်တဲ့အစားအစာတွေကတော့  ? ? ? ? ? ? ?   ကြက်ကာလသမီးမော်ဒယ်(လ်) ၊ ငါးဘတ်ချဉ်ရည်ယောက္ခမချက် ၊ ခရမ်းသီးမီးဖုတ်အပျိုကြီးသုပ် ၊ ခရမ်းသီးစပ်စလူးထောင်း ၊ အဓိပတိလက်ဖက်သုပ် ၊ အဓိပတိငပိထောင်းစတဲ့ထမင်းမြိန်ဖွယ် မြန်မာဟင်းလျာတွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။  ? ? ?   သန့်ရှင်းလတ်ဆတ်ပြီးထူးခြားကောင်းမွန်တဲ့ အရသာကြောင့်စားသုံးသူတွေကို သူမတူအောင်ဆွဲဆောင်ထားနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။  ? ? ?

မောမောပန်းပန်းနဲ့ခရီးကပြန်လာချိန်  ?? ?? ??   ဗိုက်ဆာဆာနဲ့ဝင်စားလိုက်မယ်ဆိုရင်တော့  ? ? ?   အာခံတွင်းမှာကြွေဆင်းသွားစေမယ့် မြန်မာစားသောက်ဆိုင်လေးဖြစ်ပါတယ်။  ? ? ?   အရသာထူးခြားကောင်းမွန်သန့်ရှင်းလတ်ဆတ်တဲ့ ဂုဏ်သတင်းကြောင့်လူကြိုက်များနေတဲ့ဆိုင်လေးဖြစ်ပါတယ်။  ?? ?? ??   ဒီဆိုင်လေးကိုဝင်စားရင်းနဲ့ ရိုးရာပစ္စည်းလေးတွေကိုလည်း  ? ? ?   အမှတ်တရလက်ဆောင်အနေနဲ့ ဝယ်ယူသွားနိုင်ပါသေးတဲ့အပြင် အိမ်ရှင်မတွေမရှိမဖြစ်အသုံးဝင်မယ့် သဘာဝမီးချောင်သုံးပစ္စည်းလေးတွေကိုလည်း တစ်ပါတည်းဝယ်ယူသွားနိုင်သေးတာကြောင့် လုံးဝကိုအဆင်ပြေသွားစေမယ့်ဆိုင်လေးဖြစ်ပါတယ်။ ? ? ?    ဒီတော့ခရီးသွားရင်းနဲ့ အမောအပန်းလည်းဖြေ ၊ ဝမ်းဗိုက်ကိုလည်းဖြည့်တင်းချင်တယ်ဆိုရင်တော့ အဓိပတိမြန်မာစားသောက်ဆိုင်ကို အရောက်လှမ်းခဲ့ပါနော်။ ✋?✋? ✋?

 

 

Image Source : www.facebook.com/adipitimyanmarfoods

Leave A Comment

Your email address will not be published. Required fields are marked *