ရှမ်းခေါက်ဆွဲကောင်းကောင်းစားချင်ရင်တော့ 999 Shan Noodle Shop ရှိတယ်နော်..

မြန်မာ့အစားအစာတွေထဲမှာ ရှမ်းအစားအစာတွေကိုလည်းလူကြိုက်များကြပါတယ်။ ရှမ်းခေါက်ဆွဲ၊ ရှမ်းတို့ဖူးကြော်နှင့်မြီးရှည်ကိုလူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ နေမကောင်းတဲ့အချိန်၊ ခံတွင်းပျက်တဲ့အချိန်တွေမှာဆိုအရမ်းကိုခံတွင်းတွေ့စေတဲ့အစားအစာတွေဖြစ်ပါတယ်။ ဒီတော့အစားအစာကိုချစ်မြတ်နိုးသူတွေအတွက် သန့်ရှင်းလတ်ဆတ်စွာဖြင့်ရှမ်းအစားအစာတွေကိုရောင်းချပေးတဲ့ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ 999 Shan Noodle Shop  ဆိုင်လေးပဲဖြစ်ပါတယ်။ ဟိုအရင်းကတည်းကရှမ်းအစားအစာနဲ့ပတ်သက်ရင်းနာမည်ကြီးတဲ့ဆိုင်တစ်ဆိုင်ဖြစ်ခဲ့တာအခုဆို၃၅နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။

အရသာရှိပြီး မြန်လည်းမြန်၊စျေးလည်းသက်သာတဲ့ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့တည်နေရာက No. 130 B, 34th Street /Behind Cityhall , Kyauktada Township, Yangon ဖြစ်ပြီးလူကြိုက်အရမ်းများပြီးရောင်းအားကောင်းခဲ့တဲ့အတွက် အခုဆိုနောက်ထပ်ဆိုင်ခွဲပါထပ်မံဖွင့်ထားပါတယ်။ ဆိုင်ခွဲလေးကို Junction Square (Secret Garden), Level-6/Room No.606 မှာဖွင့်လှစ်ထားတဲ့အတွက်ကြောင့် Junction Square ကို Shopping ထွက်တာပဲဖြစ်ဖြစ်၊ရောက်ရှိလို့ဗိုက်စားတဲ့အခါလာရောက်အားပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။

ဒီရှမ်းအစားအစာကိုညီမတို့ပဲကြိုက်တာမဟုတ်ပဲ နိုင်ငံခြားသားဧည့်သည်တွေလည်းအရမ်းကိုကြိုက်နှစ်သက်ကြပါတယ်။ 999 Shan Noodle Shop တွင်ရရှိနိုင်တဲ့အစားအစာတွေက..

  • Fried Tofu
  • Tofu salad
  • Dumplings
  • Rice dishes and
  • All sorts of other noodle soups ရရှိနိုင်ပါတယ်။

 

999 Shan Noodle Shop တွင်ရရှိနိုင်အစားအစာတွေထဲကမှ menu တစ်ချို့ကိုဖော်ပြပေးထားပါတယ်။ menu လေးတွေကိုကြည့်ရင်းနဲ့တောင်သရည်ယိုပြီးအခုပဲပြေးပြီးသွားစားလိုက်ချင်တယ်။ အစားအစာကိုချစ်မြတ်နိုးတဲ့သူတွေလည်းဒီလိုပဲဖြစ်ကြလိမ့်မယ်လို့ထင်ပါတယ်။ ရာသီဥတုအေးအေးလေးပဲဖြစ်ဖြစ်၊ မိုးအေးအေးလေးပဲဖြစ်ဖြစ်၊ နေထိုင်မကောင်းလို့အစားမစာချင်တာပဲဖြစ်ဖြစ်၊ ခံတွင်းပျက်နေတာပဲဖြစ်ဖြစ် ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ တို့ဖူးနွေး စတဲ့ရှမ်းအစားအစာအစုံရရှိနိုင်တဲ့ 999 Shan Noodle Shop မှာလာစားမယ်ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အစားလည်းဝ၊အာဟာရလည်းဖြစ်စေမှာဖြစ်ပါတယ်။ ရှမ်းအစားအစာကောင်းကောင်းစားချင်ရင်တော့ 999 Shan Noodle Shop ကိုလာခဲ့ပါလို့ဖိတ်ခေါ်ချင်ပါတယ်။

Shan Noodle Shop Facebook Page : https://www.facebook.com/999ShanNoodle/

 

Leave A Comment

Your email address will not be published. Required fields are marked *