ကြက်ကြော်ကောင်းကောင်းစားချင်ရင်တော့ “Lotteria” ကိုလှမ်းခဲ့ပါ….

လူတိုင်းသိပြီးသားဖြစ်တဲ့ “Lotteria Burger Restaurant” ဆိုင်လေးကအာရှမှာဆိုရင် Global Chain Of Fast-Food Restaurant တစ်ခုအနေနဲ့ရပ်တည်နေပါတယ်။ Myanmar, Korea, Japan, China, Vietnam, Indonesia စတဲ့နိုင်ငံတွေမှာဆိုရောင်းအားအကောင်းဆုံး စားသောက်ဆိုင်တစ်ခုအနေနဲ့နာမည်ရနေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်းဆိုင်ခွဲတွေများစွာဖွင့်လှစ်ထားပြီး ဘယ်နေရာမှာမဆိုစောင့်စရာမလိုပဲအရသာရှိလှတဲ့ Fast Food အစားအစာတွေကိုအသင့်စားသုံးလို့ရပါတယ်။ ရရှိနိုင်တဲ့အစားအစာတွေကတော့ အစားအစာချစ်မြတ်နိုးသူတွေကြိုက်ကြတဲ့ Fried Chicken, Burger, Fried Potato, Shake Shake Chicken, Squid Ring, Pepsi, Orange Juice, Milo, Ice Lemon Tea, Fresh Lime Juice, Floating Pepsi, Tender Grilled Chicken, Rib sand, Chicken Rice စသောအရသာရှိတဲ့ Fast Food အစားအစာတွေကိုအစုံအလင်ရရှိနိုင်ပါတယ်။

 

Lotteria ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကလည်းအရမ်းကိုကောင်းပါတယ်။ ငွေပေးရတာနဲ့တန်အောင်အရမ်းကိုကောင်းတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ ကြက်ကြော်ကြိုက်တဲ့သူတွေအတွက်အရမ်းကိုစားကောင်းတဲ့ဆိုင်လေးပါ။ ကြက်ကြော်လေးကကြွပ်ရွပြီး လက်နဲ့ကိုင်ကြည့်ရင်လက်မှာဆီလုံးဝမပေအောင်စစ်ထားတဲ့အတွက်ကြောင့် ကျန်းမာရေးနှင့်ညီညွှတ်ပါတယ်။ ပြီးတော့လူကြီး၊လူငယ်အကုန်လုံးကြိုက်ကြတဲ့ Burger အမျိုးမျိုးရရှိနိုင်တဲ့အတွက် သွားနေရင်းဗိုက်ဆာလိုပဲဖြစ်ဖြစ်၊ လမ်းကြုံလို့ပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန်စားသုံးနိုင်တဲ့ Fast Food စားသောက်ဆိုင်လေးဖြစ်ပါတယ်။

     

အအေးမျိုးစုံ၊ကြက်ကြော်နှင့် Burger မျိုးစုံရရှိနိုင်တဲ့ Lotteria ဆိုင်လေးရဲ့ Menu တစ်ချို့ကိုကြည့်မယ်ဆိုရင်အခုပဲသွားဝယ်စားချင်စိတ်ဖြစ်ပေါ်လာစေပါတယ်။အစားသောက်ကောင်းတွေရရှိနိုင်တဲ့နေရာလေးတွေကိုနောက်ထပ်ပြောပေးအုံးမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်သိပြီးသားဆိုင်ပဲဖြစ်ဖြစ်၊မသိသေးတဲ့ဆိုင်ပဲဖြစ်ဖြစ်ဆိုင်ကောင်းကောင်းလေးတွေသိချင်ရင်ဝင်ရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။

Lotteria Burger Restaurant Facebook Page : www.facebook.com/pg/LotteriaMyanmar

Leave A Comment

Your email address will not be published. Required fields are marked *